Wednesday, January 18, 2012

Software တစ်ခုကို uninstall ပြုလုပ်ခြင်း

မိမိ ကွန်ပျူတာစက်အတွင်း သွင်းယူထားသော software ကို အသုံးမပြုသောကြောင့်လည်းကောင်း၊ ထို့ထက် version မြင့်သော software ကို သွင်းယူလိုသောကြောင့်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိမိစက်အတွင်းမှ သွင်းယူထားသော software အား စနစ်မှန်စွာ ဖြုတ်ချခြင်း၊ ဖျက်ခြင်းကို uninstall ပြုလုပ်ခြင်း ဟုခေါ်သည်။

Uninstall ပြုလုပ်ခြင်း အမျိုးမျိုးရှိသည်။ အခြား uninstall software သုံးပြီး မလိုသော Software ကို ဖြုတ်ချခြင်းကို ဆိုလိုပါသည်။ ကျနော်ပြောပြမှာက Window မှာပါဝင်သော Add or Remove Program သုံးပြီး ဖြုတ်ချပစ်မှာ ဖြစ်ပါတယ်။

01.ပထမဦးစွာ ကျနော်တို့ Window မှ Start Button ကို နှိပ်ပြီး Control Panel ကို ရွေးနှိပ်လိုက်ပါ။


02. Control Panel box ထဲမှ Program ကို နှိပ်လိုက်ပါ။


03. Programs and Features အောက်မှ Uninstall a program ကို ထပ်နှိပ်ပါ။


04. Uninstall or change a program ထဲရှိ အသုံးမပြုတော့သော Zealot SWF2Video studio software ကို Uninstall ပြုလုပ်မှာ ဖြစ်တဲ့အတွက် အဲဒီ နာမည်ကို select လုပ်ပြီး right-click နှိပ်ပါ။ Uninstall / Change ဆိုတာပေါ်လာပါမည်။ Uninstall ကို ကလစ်နှိပ်ပါ။


05. ဒီ software ကို ဖြုတ်ပစ်၊ ဖျက်ပစ်မှာ သေချာလားလို့ မေးပါလိမ့်မည်။ Yes ကို နှိပ်လိုက်ပါ။


 06. ဖြုတ်ပစ်သော Software မှာ Size အနည်းငယ်သေးငယ်သောကြောင့် မြန်မြန်ဆန်ဆန် ပြီးသွားပါလိမ့်မည်။ အချိန်ကြာသည် မြန်သည်မှာ Size အကြီးအသေးပေါ်မှာလည်း မူတည်ပါသည်။ Uninstall လုပ်ခြင်း ပြီးဆုံးသွားပါက အောင်မြင်စွာပြီးဆုံးကြောင်း အောက်ပါအတိုင်း တွေ့ရပါမည်။


OK နှိပ်လိုက်ပါ။

မိမိ ကွန်ပျူတာထဲတွင် မလိုအပ်သောSoftware များကို စနစ်တကျ ဖြုတ်ချတတ်ရန်ရည်ရွယ်ပြီး တင်ပြလိုက်ပါသည်။ ယခုတင်ပြသော Uninstall ပြုလုပ်နည်းမှာ ယေဘူယျသာ ဖြစ်သည့်အတွက် ဥပမာယူပြီး လုပ်တတ်ရန်သာ ဖြစ်ပါသည်။

No comments:

Post a Comment