ဒီလိုမျိုး လုပ်တာကို တစ်ချို့အသုံးပြုသူတွေ သိပြီးဖြစ်ချင် ဖြစ်ပါလိမ့်မယ်.
မသိသေးသူတွေ အတွက်ကို ဆိုလိုပါတယ်..။
Capturing ပြုလုပ်ပြီး ပုံအဖြစ် သိမ်းဆည်းခြင်း။
1. Keyboard မှ Ctrl ဖိထားပါ။ ပြီးနောက် PrtSc SysRq key ကို တစ်ချက်နှိပ်။
2. Windows Key နှင့် R ကို တွဲနှိပ်လိုက်ပါ ( Run box ကို အလွယ်တကူ ခေါ်ယူလိုက်ခြင်းဖြစ်ပါတယ်)။
3. Run box ထဲသို့ mspaint လို့ ရိုက်ထည့်ပါ။
4. Window မှ ပါတဲ့ Paint ဖွင့်လာပါလိမ့်မည်။ Title bar မှ Edit ကိုရွေးပါ။ past ကို နှိပ်လိုက်ပါ။ နှိပ်လိုက်တာနဲ့ တပြိုင်နက် ဖမ်းယူထားတဲ့ပုံရိပ် တစ်ခါတည်းပေါ်လာပါလိမ့်မယ်။
5. အဲဒီပုံရိပ်ကို သိမ်းဆည်းဖို့ လိုပါတယ်။ Title bar မှ File ဆိုတာကို နှိပ်ပါ။ Save as ကို ထပ်နှိပ်ပါ။
6. Save in မှာ ကြိုက်တဲ့နေရာကို ရွေးချယ်ပြီး သိမ်းမှာ ဖြစ်ပါတယ်။
7. File name : က တော့ ကြိုက်နှစ်သက်ရာ နာမည်ဖြင့် မှတ်သားနိုင်ပါတယ်။
8. Save as type : ကတော့ ဘယ်လိုအမျိုးအစားနဲ့ သိမ်းထားမလဲ စဉ်းစားရမှာ ဖြစ်ပါတယ်။
(JPEG) ကိုပဲ ရွေးချယ်ပြီး save လိုက်ပါ။
ထိုနောက် မိမိ သိမ်းဆည်းထားသော နေရာတွင် မိမိမှတ်သားထားသောနာမည်ဖြင့် file လေး ရှိနေပါမည်။
ထို file ကို double click နှိပ်ပြီး ဖွင့်လိုက်ပါက မိမိဖမ်းယူထားတဲ့ပုံရိပ်ကို ပုံတစ်ပုံအဖြစ် ထုတ်ယူ သိမ်းဆည်းထားတာ တွေ့ရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment